Sunday, October 14, 2007

မင်းနဲ့ငါ

*သူငယ်ချင်း

မင်းကငါ့ကိုမနာလို၍

ဝန်တိုစိတ်မျိုး၊မျက်မုန်းငြိုးသော်
အကျိုးမရှိ၊ မင်းသာသိ။
အကျိုးမရှိ၊ ငါသာသိ။
*မင်းလည်းမင်းကိုယုံသည်ဆိုက
ငါ့ကိုစံထားမင်းကြိုးစားမှ။
*ငါလည်းမင်းကိုယုံသည်ဆိုက
မင်းကိုစံထားငါကြိုးစားမှ။
*မင်းကိုကြည့်ကာ
ငါ၏ဟာကွက်၊ငါဖြည့်လျက်
*ငါ့ကိုကြည့်ကာ
မင်း၏ဟာကွက်၊မင်းဖြည့်စွက်
*မင်း၏အသိ၊ငါနှင့်ညှိ၍
ငါ၏အတွေး၊မင်းဆွေးနွေးကာ
ဖေးမတိုင်ပင်၊မင်း,ငါပြင်သော်
အောင်မြင်ခြင်းက၊သက်သေပြပြီ
ပြည့်ဝဘိခြင်း၊ငါနှင့်မင်း။ ။



No comments: