Wednesday, February 27, 2008

ဆံပင်ညှပ်ခြင်းနောက်ဆက်တွဲ


ဆံပင်ကို ညှပ်ချင်နေတာတော့ ကြာပါပြီ။ အိပ်ကို ညှပ်ရမလား ဆိုပြီ စကားလမ်းကြောင်းလေး
ပြောကြည့်လည်း အခြေအနေ က မကောင်း ။ သူဘာသူနေနေ တဲ့ဆံပင် ကိုပဲ ရန်ရှာနေတယ်တဲ့။
အေးရော။ ဒါနဲ့ ပဲ နေလိုက် တာ ကြာပါ ပြီ။ နေပြည်တော် ရောက်တော့ ရေ ကမကောင်းလို့
ထင်ပါတယ် ဆံပင် အရမ်းကြွတ်တယ်ဗျ။ အဲဒါကြောင့် ဆံပင် ညှပ်ချင် စိတ်က အထွက်အထိပ်ရောက်
နေပြီ။ ရန်ကုန်ကိုဖုန်း ကိစ္စနဲ့ သွား တဲ့သူငယ်ချင်း များ ကလည်း ညှပ်တဲ့သူကညှပ် ၊ဖြောင့်တဲ့သူက
ဖြောင့်လာလိုက် ကြတာ တဖွဲ့လုံးပါပဲ။ PSC စာမေးပွဲ ကလည်း ဖြေမယ်ဆို ပြီး လျှောက်လွှာတင်
ထားပြီးသားမို့ စာကြည့်မဲ့ ၀တ္တရား ရှိတာရယ် ၊ရုံး တက်ရ တာရယ်နဲ့မို့ ညှပ်ချင်ကို မျိုသိပ်ထား လိုက်တယ်။
စာမေးပွဲပြီးရင် အိမ်ကို အတင်း ပြောပြီး ညှပ်မယ်ပေါ့လေ၊၊ စားမေးပွဲပြီးတော့ လည်း ပြီးပြီးချင် အိမ် ပြန်
လို့ က မဖြစ်၊ ကိုစာမေးပွဲတွင်း တုန်းက သူငယ် ချင်းတွေက ကိုယ်ဂျူတီ ကိုဆင်းပေးထား တာကြရနဲ့ ဆို
တော့ လေ။ တနင်္လာနေ့ညဂျူတီ ကျ တော့ အင်္ဂါ နေ့ ဂျူတီ မရှိတာရယ် ၊သူငယ်ချင်း အဖော်ရှိ တာရယ်
ရတောင့်ရခဲအခွင့်အရေးဆိုပြီး ပျဉ်းမနား မြို့ပေါ်တက်ပြီး ဆံပင်ညှပ်ပစ် လိုက်တာဗျာ...၊ညှပ်တုန်း ကတော့
ဆံပင်ကိုစည်းလို့ ဖြစ်အောင် တော့ချန်ပြီး ညှပ်မယ်လို့ ပြောလိုက်တာပဲ၊ ညဂျူတီ စောင့်ရတဲ့အရှိန်
မသေသေးတာရယ် ကိုယ်ဆံပင်ကို သူများလာကိုင် တာရယ်ကြောင့် အိပ်ငိုက် ရင်းဆံပင် အညှပ်ခံလိုက်
တာ ပြီးလည်း ပြီးလို့ ကြည့်လည်း ကြည့်လိုက်ရော ကုန်ပြီ။ ကောင်းကောင်းစည်းလို့ရမှာမဟုတ်တော့ဘူး၊
ဒါပေမယ့် ပေါ့ပေါ့ပါးပါး နဲ့ နေ လို့ တော့ အကောင်းသား၊ ကောင်းတာ မကောင်းတာ အသာထားလို့
ခုလာမယ့်် စနေ ၊တနင်္ဂနွေ အိမ်ပြန်မှာ ဘယ်လို လုပ်ရပ ၊ဆံညှပ် တစ်ဒါဇင် လောက်ဝယ်ညှပ် ပြီး
မရ ရအောင် ဆွဲစည်းရမဲ့သဘော ၊မပြန်လို့လည်း မရတော့ဘူး။ ပြန်ကလည်း ပြန်ချင်ပြီ ။
ကိုယ်မွေးနေ့မှာ မိဘတွေကိုကန်တော့ရမှာရယ်၊ ဖုန်းလေးရ လို့ ရတဲ့ အမြတ်လေးကန်တော့
မှာရယ်တောင် မျက်နှာကောင်းတော့ရမယ် မထင်။ ဘာပုံ ကြီး ပေါက်လာပြီး လဲဆိုပြီ
အိမ်က နင်မထုတ်ရင်တောင် ကံကောင်းပေစွ။ ဒီကြားထဲ အိမ်ကို ၀င်လို့ကောင် အောင်ဆိုပြီး
အစ်ကိုကြီး ဆီ ဖုန်းဆက်ပြီး ဆံပင်တိ လိုက် တာ တိုသွား တယ် ဘာညာဆိုပြီး ပြောမယ် လုပ်တော့
ပျော်ဘွယ်ဖုန်းလိုင်း ကကျနေရော။ ဒုက္ခမှ ခင်မျိုးဝင်းနဲ့ အကြီးအကျယ် တွေ့ပြီ ရှင် ရေ။
"ဘယ်လိုလုပ်ရမလဲ...၊ သမိးမသိ တော့ဘူး
အဖေရင်ထဲက ...၊ဘာတွေညာတွေ.....
သမီးမသိချင်။"
ဒီပို့ လေးကိုများ အဖေ ဖတ်ရရင်တော့ အဆူခံထိ ချင်မှထိရမှာနော်.....။ခုတော့.........။ဟင့် .......ဟင့်၊
တတ်နိုင်ဘူးဗျာ...........။ပြန်ဆက်လို့မှ မရတော့ တဲ့ဟာ။

Monday, January 28, 2008

မနေ့က အဖြစ်အပျက်များ နှင့် ကျွန်မ

မနေ့က(တနင်္ဂနွေ) အဖြစ်တွေကိုတော့ ပြောမပြချင်လောက်အောင်ပါပဲ(မပြောချင်ဘုးလဲဆိုသေး)။
စိတ်ညစ်စရာတွေ အပြည့်ပါပဲ။ ဘလောခ်ပေါ် ပို့စ်တင်ပြီး ပေါ်က်ကွဲချင်လောက်အောင်ပါပဲ။
ဝယ်စရာ ပစ္စည်းလေးတွေရှိနေတာနဲ့ပဲ duty ရှိနေတာကို သူငယ်ချင်းတွေနဲ့ ဈေးလိုက်မယ်လို့
ဆုံးဖြတ်လိုက်တယ်လေ ။ ဆုံးဖြတ်လိုက်တာနဲ့ တပြိုင်တည်းထမင်းထုပ်ဖို့ ညကတည်းက
အသိးအရွက်တွေကို အသင့်ဖြစ်အောင် ပြင်ဆင်ထားလိုက်တယ် ။မနက်ကို ၅နာရီခွဲထပြီး ချက်ပြုတ်ပြင်
ဆင်လိုက်တာ ။ ပြီးလည်းပြီးလို့ ဈေးကားရှိရာ အမြန်သွားလိုက်ရတာတောင် စီးနေကျကားကို မမီလိုက်ပါဘူး။
မမီလည်းဘာဖြစ်လည်း ပတ်ကားရှိသေးတယ်ပေါ့ ၊ အဲ့ဒီမှာတင် ပြဿနာစတော့တာပဲ။
ပတ်ကားဆိုမှ ပတ်ကားပါတော် ။ အဲဒီနေ့မှပဲ နေပြည်တော်တခွင်ပြဲပြဲစင် နေရာအနှံကိုရောက်တော့တာပဲ။ ကားပေါ်မှာ ဖွင့်ထားတဲ့သီချင်းကလည်း ကြည့်လိုက်။
ဘယ်ခေတ် ဘယ်အခါကမှန်းမသိတဲ့ သီချင်းကို ဘယ်ပြတိုက်က ရှာလာလဲမသိပါဘူးတော်။
လူကိုငိုက်လာတယ်။ ဒါနဲ့ပဲ ဈေးလည်းရောက်ရော (၈)နာရီထိုးပြီ ။ ၉နာရီဆို ကားပေါ်
အရောက် သွားရမို့ ကသုတ်ကရက်နဲ့ ၀ယ်စရာ ရှိတာဝယ် ၊ စားချင်တာလေး စားရတယ်။
အပြန်ခါလည်း နေပြည်တော် အိမ်ယာ အနှံရောက်ပြီးမှမြို့မဈေး ရောက်တော့တယ်။
မြို့မဈေး ရောက်တော့ ရုံးပေါင်းစုံ ကိုသွားမယ့် တော်ဝင်ကား ကိုစောင့်နေ ပါတယ်ဆို
ဆိုင်ကယ် ကယ်ရီသမားတွေက ၀ိုင်းအုံလာပြီး ဟိုလူက လိုက်မလား ဒီလူကလိုက်မလား
၁၀၀၀ပဲပေးတဲ့။ ဟုတ်တယ် သူတို့ကို ၁၀၀၀ပေးစီးလို့ ကတော့လား ထမင်းအိုးကိုတယ်
နိုင်မှာ မဟုတ်ဘူး။ စနေ၊ တနင်္ဂနွေ ၂ရက်မှ လမ်းစရိတ်က ၁၀၀၀ ရတာကို။ အသွားအပြန်သာ
စီးလို့ကတော့လား မတွေးရဲစရာ ။ဒီကြားထဲ ဆိုင်ကယ် သမားတစ်ယောက်က
ဘာပြောတယ်မှတ်လဲ။ ဆိုင်ကယ်လေး ဘာလေး စီးဖူးတယ်ရှိအောင် စီးပါတဲ့။
စိတ်တိုတာ အရမ်းပဲ။ ဟုတ်တော့လဲ ဟုတ်နေလေရဲ့။
အလုပ် မရခင်ကမှ မိဘပိုက်ဆံ နဲဆိုတော့ လိုင်းကားကြပ်လား ။ကြပ်ရင် ဆိုင်ကယ်ကယ်ရီ
စီးပစ်တာပဲ။ ခုလား လာမမေးနဲ ဆိုင်ကယ်ကယ်ရီနဲ့ တူတာနဲ့တောင် မကပ်နိုင်ဘူး။
ဘ၀က ခါးချက်တော့ ပြောမနေနဲ့။ အိမ်က ပြန်တောင်းရင်လည်း ရှက်စရာကြီး၊
အားနာစရာ ကြီးလေ။ သူတို့က သိပဲနဲ့။ ပြောချင်တာတောင် ဘယ်ရောက်သွားမှန်း
မသိတော့ဘူး။ ဒီလိုနဲ့ ရုံးရောက်တော့ ၁၁ ထိုးပြီ။ ကမန်းကတန်းနဲ့ အလုပ်
လုပ်မယ်ကြံတော့ connection ကစုတ်ချာလိုက်တာ ဘာအလုပ်မှ ကို လုပ်မရဘူး။
ဒါကြောင့်ပြဿနာ တက်တော့ တာပေါ့။ ဘယ်လို တတ်လဲဆိုတာ တော့အကျယ်တ၀င့်
ပြောချင်တော့ဘူး (အသည်းနာလွန်းလို့) ။ နောက်ဆုံးတော့လည်း စိတ်တို၊ စိတ်ညစ် လိုက်
ရတဲ့ အကျိုးဆက်ကတော့ ပိုက်ဆံ ကုန်ခြင်း ပါပဲရှင်။ စိတ်ညစ်ညစ်နဲ့ မြို့မဈေး ၀င်ပြီး စိန်ကြီးနဲ့
နှစ်ယောက်သား အသုတ်ဆိုင်၊ အသုတ်ဆိုင်မှသည် ဒုတ်ထိုးဆိုင်၊ ဒုတ်ထိုးဆိုင်မှသည်
အကင်ဆိုင်သို့ nonstop ၀င်စားပြီး လုပ်ချင်ရာတွေ လျှောက်လုပ်ပစ် လိုက်တာ ရှိ
သမျှပိုက်ဆံကုန်ပါရောလား။

Thursday, November 29, 2007

ကံကြမ္မာနှင့်သွယ်ဝိုက် စကားပြောခြင်း

ငါ့ပြက္ခဒိန်ထဲက ရက်ရာဇာတွေကို
ဘယ်သူများဝှက်ထားပါလိမ့်
ကိုယ့်ကံကြမ္မာကို
ပြန်မဟောနိုင်တဲ့ ဗေဒင်ဆရာတစ်ယောက်လို
တစ်ခြားသူတွေရဲ့
ရပ်တည်မှုနဲ့ အသက်ရှင်နေရမှာလား
အဓိပ်ပယ်မရှိလိုက်တာ ။
ကံကြမ္မာကို
လာဘ်ထိုးလို့မ ရဘူးတဲ့
ဝထ္ထု တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်။
ဒါပေမယ့်
စီးချင်းထိုးဖို့်အတွက်
လ္ဘက်ရည်တစ်ခွက်လောက်တော.
တိုက်ပါရစေ
အဲဒီအချိန်မှာအေးအေးဆေးဆေး
စကားပြောမယ်
အဲဒီအတွက်တော့
စကားလုံးတွေကို ခဏငှားသုံးခွင့်ပြုပါ။

Thursday, November 15, 2007

လူတိုင်းဖတ်သင့် တဲ့website လေးတစ်ခုပါ။ openလုပ်လိုက်ပါ။

Wednesday, November 14, 2007

ကျောင်းတော်အမေ

ဝတ်တော့ဖြူပြာ၊ စားတော.မြိန်ရာ
သောက်တော့ယမကာ၊အိပ်တော့ကြုံရာ
မ ယုံစရာမရှိပါနဲ့
လောင်းကစားမှာ ကောင်းစားပြီး
(လွယ်အိတ်တစ်လုံးနဲ့.....)
ကျောင်းသွားသူတွေ လည်းရှိ....။
ကျောင်းလခ ထောင့်ငါးရာ၊
စားစရာ သောင်းရှစ်ထောင်
ငါးထောင့်ငါးရာအဆောင်ခ
တစ်လတစ်လနှစ်သောင်းငါးထောင်
အ မောင် ပုံမှန်မပေးနှိင်လို.
အဝေးနေ ဟိုကျေးဆိက
အကြွေးတွေ အထပ်ထပ်နဲ့ ကျောင်းတက်ဖို့ခက်သူတွေလည်းရှိ.......။
ပိုက်ဆံကိုရေးလိုသုံး၊ငွေမျက်နှာဖုံးစွပ်ပြိး
ဘယ်သူ့မှလူမထင်၊ဆိုင်ကယ်ပေါ်ပျိုချောထင်
လူမြင်ရင်မျက်စေ့နောက်အောင်
ခြောက်ပေါက်သံခုနှစ်သံပစ်၊အော်ချင်ရာအော်
ဟစ်ချင်ရာ ဟစ်နေ တဲ့...
လတ်လျားလတ်လျားကျောင်းသားတွေလည်းရှိ။
ရိုးပဲရိုးသလိုလို
အပိုးပဲကျိုးသလိုလို
ဟိုလိုလိုဒီလိုလိုနဲ့
စာအုပ်တစ်အုပ်ချိုင်းမှာအုပ်လို့
တချောင်ချောင်ကုပ်ပြီး
ယောင်တောင်တောင်လုပ်နေသူတွေလည်းရှိ။
စာဆိုတာချို(ဂျို) နဲ့ လားဆိုပြီး
စာဆိုမှစာစာ တစာစာ နဲ့
မျက်နှာမခွာ နင်လားငါလား
ဟိုနားဒိနားတောင် မသွားဘဲ
စာအုပ်တွေဲကြား ကိုယ်နှစ်ထားပြီး
အ ပတ်တ ကုတ်
စာပဲလုပ်နေ တဲ့ ကြိုးကြိုးစားစား
ကျောင်းသားတွေ လည်းရှိ။
သြော်....
စသည် ....စသည်ဖြင့်
ကပြီးရင်းကရမယ့် ဘ၀ဇာတ်ခုံမှာ
ခဏခိုလှုံစရာ မိခင် ကျောင်းတော်ဟာဖြင့်
ချမ်းသာဆင်းရဲ တန်းမ ခွဲပဲ
သားချစ်မိခင် ပြစ်မမြင်သလို
ကမ္ဘာတစ်လွား လူတွေ ကြားမှာ
မော်ကြွားနိုင်စရာ ခေတ်ပညာတွေ
သင်ကြားပို့ချ နှလုံးလှမို့
အို....မိခင်ကျောင်းတော်...
သက်တော်ရာကျော်ရှည်စေသော်

Monday, November 5, 2007

ဒီနေ့ တစ်နေကုန်လုံး ကံမ ကောင်းလိုက်တာနော်။
ကျိုက်ထီးရိုးဘုရားဖူးသွားရဖို့မဲနှိုက်ရတာလဲ လိုက်ရမယ့်ထဲမပါဘူး။Duty ကျတယ်တဲ့။ပြီးပါလေရော။
တော်သေးတာပေါ့ မ ဇာကြီးက duty change ပေးလို့။
ကျိုက်ထီးရိုးဘုရားဖူးလိုက်ရမယ်ထဲပါသွားပြန်ရော။
အဲဒိဘုရားကိုအရမ်းဖူးချင်တာပဲ။
ငယ်ငယ်လေးတုန်းကတော့ အဲဒိကိုရောက်ဖုးတယ်လို့အမေကပြောတာပဲ။
ကိုယ်ကတော့ဘာမှမ မှတ်မိတော့ဘူးလေ။ဒိတခါတော့သုငယ်ချင်းတွေနဲ့ပျော် စရာကြီး။
ဒါပေမယ့်လက်ထဲမှာ ပိုက်ဆံ တစ်ပြားမှ မရှိတာက ခက်တယ်။
ညရောက်တော.လည်းသူငယ်ချင်းတွေနဲ့ လက်ဖက်ရည်သောက်မယ်ဆိုပြီး အ ဆောင်က အထွက် ၊ ရုံးက အရေးကြီးတယ်ဆိုပြီးလာခေါ်သွားပါရော..........