Monday, January 28, 2008

မနေ့က အဖြစ်အပျက်များ နှင့် ကျွန်မ

မနေ့က(တနင်္ဂနွေ) အဖြစ်တွေကိုတော့ ပြောမပြချင်လောက်အောင်ပါပဲ(မပြောချင်ဘုးလဲဆိုသေး)။
စိတ်ညစ်စရာတွေ အပြည့်ပါပဲ။ ဘလောခ်ပေါ် ပို့စ်တင်ပြီး ပေါ်က်ကွဲချင်လောက်အောင်ပါပဲ။
ဝယ်စရာ ပစ္စည်းလေးတွေရှိနေတာနဲ့ပဲ duty ရှိနေတာကို သူငယ်ချင်းတွေနဲ့ ဈေးလိုက်မယ်လို့
ဆုံးဖြတ်လိုက်တယ်လေ ။ ဆုံးဖြတ်လိုက်တာနဲ့ တပြိုင်တည်းထမင်းထုပ်ဖို့ ညကတည်းက
အသိးအရွက်တွေကို အသင့်ဖြစ်အောင် ပြင်ဆင်ထားလိုက်တယ် ။မနက်ကို ၅နာရီခွဲထပြီး ချက်ပြုတ်ပြင်
ဆင်လိုက်တာ ။ ပြီးလည်းပြီးလို့ ဈေးကားရှိရာ အမြန်သွားလိုက်ရတာတောင် စီးနေကျကားကို မမီလိုက်ပါဘူး။
မမီလည်းဘာဖြစ်လည်း ပတ်ကားရှိသေးတယ်ပေါ့ ၊ အဲ့ဒီမှာတင် ပြဿနာစတော့တာပဲ။
ပတ်ကားဆိုမှ ပတ်ကားပါတော် ။ အဲဒီနေ့မှပဲ နေပြည်တော်တခွင်ပြဲပြဲစင် နေရာအနှံကိုရောက်တော့တာပဲ။ ကားပေါ်မှာ ဖွင့်ထားတဲ့သီချင်းကလည်း ကြည့်လိုက်။
ဘယ်ခေတ် ဘယ်အခါကမှန်းမသိတဲ့ သီချင်းကို ဘယ်ပြတိုက်က ရှာလာလဲမသိပါဘူးတော်။
လူကိုငိုက်လာတယ်။ ဒါနဲ့ပဲ ဈေးလည်းရောက်ရော (၈)နာရီထိုးပြီ ။ ၉နာရီဆို ကားပေါ်
အရောက် သွားရမို့ ကသုတ်ကရက်နဲ့ ၀ယ်စရာ ရှိတာဝယ် ၊ စားချင်တာလေး စားရတယ်။
အပြန်ခါလည်း နေပြည်တော် အိမ်ယာ အနှံရောက်ပြီးမှမြို့မဈေး ရောက်တော့တယ်။
မြို့မဈေး ရောက်တော့ ရုံးပေါင်းစုံ ကိုသွားမယ့် တော်ဝင်ကား ကိုစောင့်နေ ပါတယ်ဆို
ဆိုင်ကယ် ကယ်ရီသမားတွေက ၀ိုင်းအုံလာပြီး ဟိုလူက လိုက်မလား ဒီလူကလိုက်မလား
၁၀၀၀ပဲပေးတဲ့။ ဟုတ်တယ် သူတို့ကို ၁၀၀၀ပေးစီးလို့ ကတော့လား ထမင်းအိုးကိုတယ်
နိုင်မှာ မဟုတ်ဘူး။ စနေ၊ တနင်္ဂနွေ ၂ရက်မှ လမ်းစရိတ်က ၁၀၀၀ ရတာကို။ အသွားအပြန်သာ
စီးလို့ကတော့လား မတွေးရဲစရာ ။ဒီကြားထဲ ဆိုင်ကယ် သမားတစ်ယောက်က
ဘာပြောတယ်မှတ်လဲ။ ဆိုင်ကယ်လေး ဘာလေး စီးဖူးတယ်ရှိအောင် စီးပါတဲ့။
စိတ်တိုတာ အရမ်းပဲ။ ဟုတ်တော့လဲ ဟုတ်နေလေရဲ့။
အလုပ် မရခင်ကမှ မိဘပိုက်ဆံ နဲဆိုတော့ လိုင်းကားကြပ်လား ။ကြပ်ရင် ဆိုင်ကယ်ကယ်ရီ
စီးပစ်တာပဲ။ ခုလား လာမမေးနဲ ဆိုင်ကယ်ကယ်ရီနဲ့ တူတာနဲ့တောင် မကပ်နိုင်ဘူး။
ဘ၀က ခါးချက်တော့ ပြောမနေနဲ့။ အိမ်က ပြန်တောင်းရင်လည်း ရှက်စရာကြီး၊
အားနာစရာ ကြီးလေ။ သူတို့က သိပဲနဲ့။ ပြောချင်တာတောင် ဘယ်ရောက်သွားမှန်း
မသိတော့ဘူး။ ဒီလိုနဲ့ ရုံးရောက်တော့ ၁၁ ထိုးပြီ။ ကမန်းကတန်းနဲ့ အလုပ်
လုပ်မယ်ကြံတော့ connection ကစုတ်ချာလိုက်တာ ဘာအလုပ်မှ ကို လုပ်မရဘူး။
ဒါကြောင့်ပြဿနာ တက်တော့ တာပေါ့။ ဘယ်လို တတ်လဲဆိုတာ တော့အကျယ်တ၀င့်
ပြောချင်တော့ဘူး (အသည်းနာလွန်းလို့) ။ နောက်ဆုံးတော့လည်း စိတ်တို၊ စိတ်ညစ် လိုက်
ရတဲ့ အကျိုးဆက်ကတော့ ပိုက်ဆံ ကုန်ခြင်း ပါပဲရှင်။ စိတ်ညစ်ညစ်နဲ့ မြို့မဈေး ၀င်ပြီး စိန်ကြီးနဲ့
နှစ်ယောက်သား အသုတ်ဆိုင်၊ အသုတ်ဆိုင်မှသည် ဒုတ်ထိုးဆိုင်၊ ဒုတ်ထိုးဆိုင်မှသည်
အကင်ဆိုင်သို့ nonstop ၀င်စားပြီး လုပ်ချင်ရာတွေ လျှောက်လုပ်ပစ် လိုက်တာ ရှိ
သမျှပိုက်ဆံကုန်ပါရောလား။

No comments: